နမ့်ခမ်းမှာ ကျားဖြူပါတီ မဲရုံကိုယ်စားလှယ် အနှင်ခံရ

Monday, 08 November 2010 16:31 ရွေးကောက်ပွဲ သတင်းတို
Print
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် မဲရုံတွင် ယမန်နေ့က ကျားဖြူပါတီ၏ မဲရုံကိုယ်စားလှယ်ကို လုံခြုံ ရေး အကြောင်းပြကာ မဲရုံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။ မဲရုံပိတ်ပြီးနောက် ကြံ့ဖွံ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ပန်းဆေး ကျော်မြင့်နှင့် မူဆယ် ခယက လူကြီးတချို့သည် ၎င်းတို့ ခေါ်ဆောင်လာသည့် တရုတ် လီရှော လူမျိုး ၁၇၀ ခန့်ကို ည ၈ နာရီ ထိုးခါနီးအထိ မဲပေးစေပြီး မဲရုံအပြင်ဘက်မှ လက်နက်ကိုင် တပ်ဖွဲ့များကို စောင့်ကြပ်စေခဲ့သည်။ နမ့်ခမ်းမြို့ခံ တဦး က ကြံ့ဖွံ့ပါတီ မဲရရှိမှုအခြေအနေ မကောင်းသောကြောင့် တရုတ် လီရှောများကို ခေါ်ဆောင်လာပြီး မဲ ပေးစေခြင်း ဖြစ်သည်ဟု ပြောဆိုသည်။