သာယာဝတီမှာလည်း ကြံ့ဖွံ့ မဲ မသမာမှုရှိ

ပဲခူးတိုင်း သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် နေရာအတွက် ကြံ့ဖွံ့ပါတီက ဦးမောင် မောင် နှင့် ဦးတင်စိုး တို့က ကျေးရွာများတွင် မဲလိမ်၊ မဲခိုးမှုများနှင့် အတင်းအကျပ် ကြိုတင်မဲပေးခိုင်းသည့်အတွက် အနိုင် ရရန် သေချာကြောင်း တစည ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစန်းလွင်က ပြောသည်။ အိုင်ဂလုံ၊ ကညင်တပင်၊ ဖားရွှေကျော်၊ သစ်ရာကုန်း၊ စည်ပင်၊ မြစ်ကျိုး၊ ကြို့ကုန်း စသည့် ကျေးရွာများတွင် မဲမသမာမှုများ ရှိသည့် အတွက် တိုင် ကြား ထားကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲဥပဒေ အရ ကန့်ကွက်တိုင်ကြားလျှင် အာမခံ ငွေ ကျပ် ဆယ်သိန်း အာမခံတင်ရမည်ဟု ပါရှိသည့် အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်