မိုးကုတ် တွင် ကြိုတင်မဲဖြင့် ကြံ့ဖွံ့နိုင်

Monday, 08 November 2010 17:00 ရွေးကောက်ပွဲ သတင်းတို
Print
မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာအတွက်  ကြံ့ဖွံ့ပါတီမှ ဦးဘဌေးက ကြိုတင်မဲများဖြင့် NDF ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးသန်းဌေး(ခ) ဦးတိုးတိုး ကို အနိုင်ရသွားကြောင်း NDF ကိုယ်စားလှယ် ဦးစိုးမြင့်ကပြောသည်။ ပါတီ၂ ခု အကြားတွင် မဲအရေအတွက် တစ်သောင်းခန့် ကွာခြားကြောင်း၊ မြို့ပေါ်မဲရုံများတွင် အနိုင်ရရှိသော်လည်း ကြိုတင်မဲများကြောင့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်ဟု သိရသည်။