ခြွင်းချက်ဖြင့်လွှတ်လျှင် ဒေါ်အောင်ဆန်းစုကြည် လက်မခံ

Wednesday, 10 November 2010 14:06 ရွေးကောက်ပွဲ သတင်းတို
Print
စစ်အစိုးရက ချွင်းချက်များဖြင့် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမည်ဆိုလျှင် လက်ခံမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် ပြောကြောင်း Reuters သတင်းတရပ်က ဖော်ပြသည်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေပြီး ထိုနေ့အတွက် လုံခြုံရေးများ တင်းကျပ်ရန် ပြင်ဆင်နေကြောင်း သတင်းများအရ သိရသည်။