ဘုရားသုံးဆူမှာ စစ်တပ်က လက်နက်ကြီးများသုံး

Tuesday, 09 November 2010 11:09 တိုက်ပွဲ သတင်းတို
Print
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ ရှိ တိုင်တရာ ဘုန်းကြီးကျောင်းနှင့် တောင်ဝိုင်းဘုရား အကြားတွင် စစ်အစိုး ရနှင့် DKBA တပ်များ ယနေ့ နံနက် ၉နာရီကျော်က တိုက်ပွဲထပ်မံ ဖြစ်ပွားနေသည်ဟု KNU တပ်မဟာ ၆ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။ “တိုက်ပွဲကတော့ နည်းနည်းတော့ ကြီးကျယ်တယ်၊ လူထုတွေကတော့ မရှိသလောက်ဖြစ်နေတယ်။ ဆက်နေကြဖုန်းတွေလည်း တလုံးမှ ဖွင့်မအားတော့ဘူး၊ ပြေးလွှားနေကြ ရတယ်”ဟု ၎င်းက ဆိုသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ရှိကြောင်း သိရသည်။