ဗိုလ်မှူးကြီး စောလားပွယ် ဌာနချုပ်ကျ

Wednesday, 10 November 2010 11:56 တိုက်ပွဲ သတင်းတို
Print
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ DKBA မှ ဗိုလ်မှူးကြီး စောလားပွယ်၏  ဝေါ်လေခီး ဌာနချုပ်စခန်းကို စစ်အစိုးရ တပ်များက ယမန်နေ့တွင် သိမ်းလိုက်ကြောင်း သိရသည်။ စစ်အစိုးရတပ်များက ဝေါ်လေခီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တက်သိမ်းခဲ့ပြီး စခန်းများကို မီးရှို့ခဲ့ကြောင်း၊ ရွာသားများက နီးစပ်ရာတောထဲသို့ တိမ်းရှောင်နေခဲ့ရကြောင်း ကရင် တိုင်းရင်းသား သတင်းဌာန ကွယ်ကလူမှ အယ်ဒီတာ အယ်နာက ပြောသည်။