အင်္ဂလန် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲနှင့် သတ္တိကို ချီးကျူး

Tuesday, 16 November 2010 11:47 သတင်းတိုများ
Print
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ၎င်း၏ ဇွဲနှင့် သတ္တိ ခံနိုင်ရည်အားကို ချီးကျူးကြောင်း အင်္ဂလန် ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြု၍ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ယမန်နေ့ ပါလီမန်တွင် ပြောကြားလိုက်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဗြိတိန် အစိုးရအနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတွင် စိုက်လိုက်မတ်တပ် အားပေးကူညီခဲ့သောကြောင့် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။