မြောက်ဦး ရှေးဟောင်းစေတီပုထိုးများကို ဖျက်၍ မီးရထားလမ်းဖောက်ရန် ပြင်ဆင်နေ

Wednesday, 17 November 2010 11:53 သတင်းတိုများ
Print
ရခိုင်ပြည်နယ်မှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေ့ဟောင်းဘုရား၊ စေတီ ပုထိုးများ စုပေါင်းတည်ရှိသည့် မြောက် ဦးမြို့ရှိ ဘုရားစေတီများကို ဖျက်စီး၍ စစ်အစိုးရ အာဏာပိုင်များသည် မီးရထားလမ်းဖောက်လုပ်ရန် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စကို ဒေသခံပြည်သူများက ကန့်ကွက်နေပြီး၊ ဆရာတော်၊ သံဃာတော်များကလည်း အစည်းအဝေး ပြုလုပ်၍ ကန့်ကွက်သွားရန် ပြင်ဆင်နေကြ ကြောင်းသိရသည်။