မြန်မာ စစ်ပြေးဒုက္ခသည် ၆၀၀ ခန့် ယနေ့ပြန်ပို့

Wednesday, 17 November 2010 13:26 သတင်းတိုများ
Print
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် တဖက်ကမ်းတွင် နိုဝင်ဘာ ၁၄ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာသော ရွာသား ၆၀၀ ခန့်ကို တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်း မရှိသည့် အတွက် မြန်မာပြည်သို့ ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် ယနေ့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။ ယင်း ရွာသားများသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သော တပ်ဖွဲ့နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲ ဖြစ်ပွား သော ကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။