ရန်ကုန်တွင် ဖျက်အားပြင်းဗုံးများတွေ့

Thursday, 18 November 2010 11:41 သတင်းတိုများ
Print
ရန်ကုန်မြို့တော်ခန်းမ အနီးရှိ Sky Net အင်တာနက်ဆိုင်တွင် ယမန်နေ့ ညနေက ဖျက်အားပြင်း ဗုံးများ တွေ့ရှိကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဗုံးတွေ့ရှိမှု သတင်းမှာ မှန်ကန်သော်လည်း အသေးစိတ်ကို စုံစမ်းဆဲ ဖြစ်သည့် အတွက် ထုတ်ဖော် မပြောနိုင်သေးဟု ဆိုသည်။  ရန်ကုန် တမြို့လုံးရှိ အင်တာနက် ဆိုင်များ လုံခြုံရေး သတိရှိကြရန်နှင့် ထူးခြားဖြစ်စဉ်များ ရှိလျှင် အာဏာပိုင်များအား အကြောင်းကြားရန် ခေါ်ယူ ညွှန်ကြား ထားကြောင်းလည်း သိရသည်။