စစ်တပ်နှင့် ဝန်ထမ်းမိသားစုများ ဒေါ်အောင်ဆန်းစုကြည် သတင်း စိတ်ဝင်စား

Thursday, 18 November 2010 12:28 သတင်းတိုများ
Print
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် သတင်းသည် စစ်သားများနှင့် အစိုးရ ၀န်ထမ်းများ အကြားတွင် အပြော အများဆုံး သတင်းဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် မှုအတွက် အလွန် ၀မ်းသာနေကြကြောင်း သတင်းရရှိသည်။ စစ်တပ် မိသားစုများအတွင်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ ဂျာနယ်များ ၀ယ်ယူစုဆောင်းနေပြီး အစိုးရ၀န်ထမ်း အများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ချင်သည်ဟု ပြောဆို နေကြသည်။