ဖိလစ်ပိုင်သမ္မတ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်စကားပြော

Tuesday, 23 November 2010 11:27 သတင်းတိုများ
Print
ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဘီနင်နို အကွီနိုက ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဆက်၍ လွတ်မြောက်မှု အတွက် ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က အာရှတွင် ဖိလစ်ပိုင် တနိုင်ငံကသာ ၎င်းကို ဖုန်းဆက်၍ နှုတ်ဆက်ဖော် ရကြောင်း၊ ရန်ကုန်ရှိ တရုတ်နှင့် အိန္ဒိယ သံတမန်များနှင့် အဆက်အသွယ် မပြတ် ရှိနေစေချင်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကို ပြောဆိုသည်ဟု သိရသည်။