SSA-S နှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ်

Thursday, 25 November 2010 13:30 သတင်းတိုများ
Print
နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ အင်္ဂါနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ ဦး ကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိပြီး SSA-S ဘက်က ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ၎င်းတို့ တပ်ဖွဲ့နှင့် နအဖ ခြေလျင် တပ်ရင်း (ခလရ) ၆၅ တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ဒေသတ၀ိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်း က ပြောသည်။