စွမ်းအင်ဝန်ကြီး လောင်စာဆီ ကုန်သည်ကြီးများနှင့်တွေ့

Thursday, 25 November 2010 17:20 သတင်းတိုများ
Print
စွမ်းအင်ဝန်ကြီး ဦးလွန်းသီက ရန်ကုန်နှင့် ပြည်နယ်၊ တိုင်းတချို့မှ လောင်စာဆီကုန်သည်ကြီးများကို ယနေ့ နေပြည်တော်သို့ ဆင့်ခေါ်ထားကြောင်း သိရသည်။ ပြင်ပလောင်စာဆီ ဈေးနှုန်းထက် ပုဂ္ဂလိကပိုင် လောင်စာဆီ ဆိုင်ကြီးများမှ ဈေးနှုန်းက ပိုမို ကြီးမြင့်နေသောကြောင့် ယင်းကိစ္စကို ညှိနှိုင်းရန် ဖြစ်ကြောင်း ဆီကုန်သည်နှင့် နီးစပ်သူတဦးက ပြောသည်။