စစ်အစိုးရစစ်တပ်နှင့် DKBA တိုက်ပွဲကြောင့် ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ တိမ်းရှောင်

Monday, 29 November 2010 11:37 သတင်းတိုများ
Print
ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ၅ မိုင်အကွာတွင် ပြီးခဲ့သည့် သောကြာနေ့က စတင်၍ စစ်အစိုးရတပ်များနှင့် DKBA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ တဘက်ကမ်း မဲဆောက် မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်း တကျောင်းသို့ စစ်ပြေးဒုက္ခသည် ၁၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်လာရကြောင်း သတင်းရရှိသည်။ ထွက်ပြေးတိမ်းရှောင် လာသူများသည် မြ၀တီမြို့နယ်ရှိ ဖလူးကျေးရွာ ဒေသခံများ ဖြစ်ကြောင်း သိရသည်။