နိုင်ငံရေး အကျဉ်းသား လွှတ်ရန် ကင်တာနာ တောင်းဆို

Tuesday, 14 December 2010 12:19 သတင်းတိုများ
Print
နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို အမြန်ဆုံးပြန်လွှတ် ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေးလ် ကင်တာနာက စစ်အစိုးရကို တောင်းဆို လိုက်သည်။ နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး ဆိုးရွားမှု ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း မော်လမြိုင်အကျဉ်း ထောင်တွင် နိုင်ငံရေး အကျဉ်းသား ရဟန်း တော် အရှင်နေမိန္ဒ ပျံလွန်တော်မူ ခဲ့၍ စိတ် မကောင်း ကြောင်း၊ ၁၉၈၈ ခုနှစ်မှ စတင်ပြီး ယခုအချိန်အထိ ထောင် တွင်း၌ သေဆုံးခဲ့ရ သည့် နိုင်ငံရေး အကျဉ်းသား ပေါင်း ၁၄၅ ဦးရှိပြီ ဖြစ်ကြောင်းလည်း ကင်တာနာက ပြောသည်။