ဒေါ်အောင်ဆန်းစုကြည် ဘဝအကြောင်း ရိုက်ကူးထားသည့် ဇာတ်ကားကို “The Lady” ဟု အမည်ပေးမည်

Monday, 20 December 2010 15:04 သတင်းတိုများ
Print
ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး သရုပ်ဆောင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝအကြောင်း ရိုက်ကူးထားသော ဇာတ်ကားအား “The Lady” ဟု အမည် သတ်မှတ်မည်ဖြစ်ကြောင်း  Guardian အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ အဆိုပါ ဇာတ်ကားကို ရိုက်ကူးသည့် ပြင်သစ်နာမည်ကြီး ဒါရိုက်တာ Luc Besson က ဒေါ်အောင်ဆန်း စုကြည်သည် ပြင်သစ်အမျိုးသမီး သူတော်စင် Joan of Arc ထက်ပင် သူရဲကောင်း ပိုဆန်ကြောင်း ပြောထားသည်။