DKBA နှင့် နအဖ တပ် တိုက်ပွဲ ရွာသား တဦး ဒဏ်ရာရ

Friday, 24 December 2010 19:16 သတင်းတိုများ
Print
ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နအဖ ခြေလျှင် တပ်ရင်း(၂၃၀) ၊ ခြေမြန်တပ်ရင်း(၅၄၇) (၃၅၆) တို့ ယနေ့နံနက်(၆)နာရီကျော်မှ မွန်းလွဲ(၁)နာရီခန့်အထိ ၇ နာရီနီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖလူးရွာသားတဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း၊ နှစ်ဘက် ထိခိုက်ကျဆုံးမှုများကိုမူ မသိရှိရသေး
ကြောင်း DKBA က ပြောသည်။