ကူးစက်ရောဂါ အကြောင်းပြချက်ဖြင့် စစ်ပြေးဒုက္ခသည်များကို ပြန်ပို့ခိုင်း

Saturday, 25 December 2010 13:36 သတင်းတိုများ
Print
နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ ဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၃၃ ဦးကို ထိုင်း ဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည့် အကြောင်းပြချက်ဖြင့် မြန်မာဘက်ကမ်းသို့ ပြန်ပို့ရန် တောင်းဆိုနေကြသည်။ ဒုက္ခသည်အားလုံးကို ဆေးစစ်ချက်များအရ မည်သည့် ရောဂါလက္ခဏာမျှ မတွေ့ရကြောင်း နောက်ဆုံးရရှိသည့် သတင်းများအရ သိရသည်။