ဂန္ဒီခန်းမကြီးကို နေရာ ရွှေ့ပြောင်းမည်

Saturday, 25 December 2010 13:37 သတင်းတိုများ
Print
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဒီခန်းမကြီးကို ရန်ကင်းမြို့နယ်ရှိ လယ်/ဆည် ဝန်ကြီးဌာန ရုံးဟောင်းသို့ အာဏာပိုင်များက မကြာမီပြောင်းရွှေ့ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ ဂန္ဒီခန်းမသည် သမိုင်းဝင် အဆောက်အအုံတခု ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် NLD သည် ဂန္ဒီခန်းမတွင် အစည်းအဝေးကျင်းပကာ လွှတ်တော် ခေါ်ယူရေးအတွက် “ဂန္ဒီခန်းမ ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။