ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါ နိုင်ငံ က ဖိတ်ခေါ်

Tuesday, 28 December 2010 14:36 သတင်းတိုများ
Print
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသား တဦးအဖြစ် လက်ခံ၍ ကနေဒါ နိုင်ငံသို့ လာရောက် လည်ပတ်ရန် ၀န်ကြီးချုပ် မစ္စတာ စတီဖင် ဟာပါ က ဖိတ်ခေါ်လိုက်သည်ဟု အေအက်ဖ်ပီ သတင်းတွင် ရေးသား ထား သည်။ ၂၀၀၇ ခုနှစ် ကတည်းက တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင် အဂ္ဂါခန် တို့ ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံ သား တဦးအဖြစ် ကနေဒါ ပါလီမန်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။