UWSPညီလာခံ အစိုးရသစ်နှင့်ဆက်ဆံရေး သဘောတူညီချက်များ ချမှတ်

Tuesday, 28 December 2010 16:07 သတင်းတိုများ
Print
“ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ဦးစီးကျင်းပနေသည့် ၁၀ ရက်ကြာညီလာခံမှတဆင့် “ဝ”ဒေသ ဖွံ့ဖြိုး တိုး တက်ရေး အပါအဝင် အစိုးရသစ်နှင့် ဆက်ဆံရေးတို့အတွက် အချက် ၆ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သတင်း ရရှိသည်။ ၎င်းညီလာခံကို “ဝ”ဒေသတွင်းမှ မိုင်းမောမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး ကိုယ် စားလှယ် ပေါင်း၂၀၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။