မြန်မာ-တောင်ကိုရီးယား အထူး ဗီဇာကင်းလွတ်ခွင့် သဘောတူ

Thursday, 30 December 2010 12:57 သတင်းတိုများ
Print
မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရေး သဘောတူစာချုပ် ချုပ်ဆိုကြကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးက နေပြည်တော်သို့ လာရောက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စာချုပ်ချုပ်ဆိုကြခြင်း ဖြစ်သည်။