NLD ဈေးရောင်းပွဲတွင် တရက် ကျပ် သိန်း ၅၀ ကျော် ရောင်းရ

Tuesday, 04 January 2011 12:08 သတင်းတိုများ
Print
ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ကျင်းပသည့် NLD ဈေးရောင်းပွဲတော်တွင် တရက်လျှင် ကျပ်သိန်း ၅၀ ဖိုးခန့် ရောင်းချ ခဲ့ရကြောင်း သိရှိရသည်။ ၎င်းဈေးရောင်းပွဲမှ ရရှိသည့် အမြတ်အစွန်းကို NLD လူမှုအထောက်အကူပြုအဖွဲ့မှ စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့မည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဈေးဝင်ရောင်းပေးခဲ့သည့် အဆိုပါပွဲမှာ ယနေ့ နောက်ဆုံးဖြစ်သည်။