ရန်ကုန်တွင် လယ်သမား ၂၀၀ ကျော် ဆန္ဒပြ

Thursday, 06 January 2011 13:52 သတင်းတိုများ
Print
ရန်ကုန် အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များရှိ ရွာပေါင်း ၇ ရွာခန့်မှ လယ်မြေ ဧက ၅၅၀၀ ခန့်ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ကန်ထရိုက် လယ်ယာစနစ် အကောင်အထည် ဖော်မည်ဟု ဆိုကာ မတရားသိမ်းယူခဲ့သောကြောင့် လယ်သမား၂၀၀ ကျော် အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး ငြိမ်း ချမ်းစွာ ဆန္ဒပြကြောင်း သတင်းရသည်။ ဆန္ဒပြသူများကို ရှေ့နေ ကိုဖိုးဖြူက ဦးဆောင်ခြင်းဖြစ်ပြီး သိမ်းထားသည့် လယ်မြေများကို ပြန်လည်ပေးအပ်ရန် တရားဥပဒေကြောင်းအရ တောင်းဆိုလျက်ရှိသည်။ နေ့လယ် ၁၂ နာရီတွင် ဒေသဆိုင်ရာ အာဏာပိုင်များ ရောက်လာပြီး ပြေလည်ရန် ဖြေရှင်းပေးမည်ဟုဆိုကာ ဆန္ဒပြနေသော လယ်သမားများကို လူစုခွဲခိုင်းကြောင်းလည်း သိရသည်။