ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု မြင့်တက်နိုင်

Friday, 07 January 2011 12:19 သတင်းတိုများ
Print
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် မြန်မာပြည်သို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရန် စိတ်ဝင်စားမှု မြင့်တက်လာကြောင်း သိရသည်။ အမေရိကန် အခြေစိုက် ထိပ်တန်း ခရီးသွားလုပ်ငန်းကြီးတခုက ယခင်က မြန်မာပြည်သို့ မလည်ပတ်ရန် ကန့်ကွက်မှုများကြောင့် စိတ်ဝင်စားမှု နည်းခဲ့ကြောင်း၊ သို့သော် မကြာသေးမီမှစ၍ မြန်မာပြည် ခရီးစဉ်အတွက် စီစဉ်ပေးရန် တောင်းဆိုမှုများ များပြားလာကြောင်း၊ အလည်အပတ်သွားရန် လက်မှတ်ကြိုတင် ဝယ်ယူမှု ၃ ဆ မြင့်တက်လာကြောင်း ထုတ်ဖော်ပြောဆိုသည်။