ကြံ့ဖွံ့က ဘာသာရေး အသင်းဖွဲ့မည်

Thursday, 13 January 2011 11:36 သတင်းတိုများ
Print
ကြံ့ဖွံ့ပါတီ က သာသန နုဂ္ဂဟ အသင်းအမည်ဖြင့် ဘာသာရေး အသင်းအဖွဲ့ တဖွဲ့ တည်ထောင်ရန် စီစဉ်လျက်ရှိသည်။ ယင်း အသင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ လမ်းညွှန်မှုဖြင့် တည်ထောင်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ပါတီ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေ က ဥက္ကဌ အဖြစ် တာဝန်ယူမည်ဖြစ် ကြောင်း သိရသည်။