ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး တွေ့ဆုံ

Friday, 21 January 2011 12:27 သတင်းတိုများ
Print
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ်ဖိရုမ်း ယနေ့နံနက်ပိုင်းက လာရောက် တွေ့ဆုံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။ ယခုတွေ့ဆုံခြင်း သည် ပထမဆုံးအကြိမ် ဖြစ်သည်။ ကဆစ် ဖိရုမ်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် ထောက်ခံပြောဆိုခဲ့သည်။