မြန်မာ သံအမတ် ၅ ဦး ပြန်ခေါ်ခံရ

Friday, 21 January 2011 14:05 သတင်းတိုများ
Print
စစ်အစိုးရက အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးနေ၀င်း အပါအ၀င် သံအမတ်ကြီး ၅ ဦးကို မကြာသေးမီ က ပြန်လည်ခေါ်ယူခဲ့ရာတွင် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစောလှမင်း၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံ အမတ်ကြီး ဦးသိန်းလွင်၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးခင်မောင်စိုးတို့ ပါဝင်ကြောင်း နိုင်ငံခြား ရေး ၀န်ကြီးဌာန အသိုင်းအ၀န်းမှ သိရသည်။ တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်၏ နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက် ဗိုလ်မှူး ဇော်ဖြိုးဝင်းနှင့် အစားထိုးသည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။