ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် မြို့၌ ဇန်န၀ါရီ ၂၆ ရက်မှ ၃၀ အထိ ကျင်းပနေသော ၂၀၁၁ ကမ္ဘာ့ စီးပွားရေး နှစ်ပတ်လည် ညီလာခံ ကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပါးလိုက်သည်။ ယင်း မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှု၊ လူနေမှု အဆင့်မြင့်မားမှု စသည်တို့ကို ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်များက ၀ိုင်းဝန်း ဆောင်ရွက်ရန် ပန်ကြား ကြောင်း၊ ဆင်းရဲ မွဲတေမှု ပပျောက်ရေး နှင့် ပညာရေး ၊ ကျန်းမာရေး အပါအ၀င် အခြေခံ အဆောက် အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ကြောင်း တို့ကို ပြောကြားထားသည်ဟု သိရသည်။