နေပြည်တော် FC ကို ဗိုလ်ချုပ်မှူးကြီး မြေး လွှဲပြောင်းယူမည်

Monday, 31 January 2011 12:14 သတင်းတိုများ
Print
နေပြည်တော် FC အသင်းကို လာမည့်နှစ် ဘောလုံးရာသီတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင်က လွှဲပြောင်း ယူရန် စီစဉ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဘောလုံးရာသီတွင် မြန်မာ့ လက်ရွေးစင် ကစားသမား တချို့နှင့် နိုင်ငံ ခြား သာား ကစားသမားတချို့ကို ခေါ်ယူအားဖြည့်ခဲ့သော်လည်း ရန်ကုန် ယူနိုက်တက် အသင်းနှင့် မကွေး FC အသင်းကို နှစ်ပွဲဆက် ရှုံးနိမ့် ခဲ့ သော ကြောင့် ယခုကဲ့သို့ ပြောင်းယူရန် စီစဉ်ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။ နေပြည်တော် FC ကို ဦးတင့်ဆန်း ၏ ACE ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ထောင်ထားခြင်းဖြစ်သည်။