နာဂ တောင်တန်း ဒေသ တိုးတက်ရေး ပူးပေါင်းမည်

Tuesday, 01 February 2011 11:45 သတင်းတိုများ
Print
အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ် အစိုးရအဖွဲ့က မြန်မာနိုင်ငံ နာဂတောင်တန်းဒေသ တိုးတက်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ပြီး စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည်ဟု နာဂလန်းပြည်နယ် ခရီးသွားလာရေး ၀န်ကြီးဌာန အတွင်းရေးမှူး ရီတာချူး(Mr. Yitachu)က ပြောကြားသည်။ ရီတာချူး ဦးဆောင်သည့် ပြည်နယ် အစိုးရ အဖွဲ့ နှင့် စီးပွားရေးလုပ်ငန်းရှင်များ မကြာ သေးခင်က သွားရောက်ခဲ့သည့် ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် ထိုသို့ ပြောခြင်းဖြစ်သည်။ ယင်း ခရီးစဉ်ကို ကြံ့ဖွံ့ပါတီ အမတ် နာဂတိုင်းရင်းသား ဦးမြတ်ကို ဦးဆောင်သည့် ရွှေနောင်ယန်း ကုမ္ပဏီက ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။