ပြည်ထောင်စုနေ့ကို နိုင်ငံရေးပါတီ ၁၁ ခုပူးပေါင်းကျင်းပမည်

Thursday, 10 February 2011 11:45 သတင်းတိုများ
Print
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့၌ တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် ဒီမိုကရက်တစ် နိုင်ငံရေးပါတီ ၁၁ ခုတို့ ပူးပေါင်း ကျင်းပမည် ဖြစ်ပြီး အနာဂတ် နိုင်ငံရေး လုပ်ငန်းစဉ်များ အတွက် ကြေညာချက်တခုကို ထုတ်ပြန် သွားမည်ဟု သိရသည်။ ရှမ်း၊ ကရင်၊ ရခိုင် စသည့် တိုင်းရင်းသား ပါတီများနှင့် NDF၊ ဒီငြိမ်း၊ ဒီမိုကရက်တစ်ပါတီ ( မြန်မာ) စသည့် ပါတီ ၁၁ ခု ပါဝင်မည် ဖြစ်သည်။