ဗေဒါသင်တန်းကျောင်းကို ဖိအားပေး နေရာရွှေ့ခိုင်း

Friday, 11 February 2011 12:45 သတင်းတိုများ
Print
ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်ရှိ လူမှုသိပ္ပံ ဘာသာရပ်များ သင်ကြားပေးနေသော ဗေဒါ သင်တန်းကျောင်းကို အစိုးရဆန့်ကျင်ရေး လုပ်သည်ဟုဆိုကာ နေရာမှ ရွှေ့ပြောင်းပေးရန် အာဏာပိုင်များက ဖိအားပေးနေကြောင်း ယင်းသင်တန်းကျောင်းမှ ဆရာတဦးဖြစ်သူ မျိုးရန်နောင်သိမ်းက ပြောသည်။ ယင်းသင်တန်းကျောင်းဆင်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့က အားရကျေနပ်ကြောင်း စာပေးပို့ပြီး ဦးတင်ဦးက ကိုယ်တိုင် တက်ရောက်ခဲ့သည်။