ဦးသိန်းစိန် အဆိုပြုထားသော ဝန်ကြီးဌာနနှင့် ဝန်ကြီးစာရင်း အတည်ပြု

Friday, 11 February 2011 14:40 သတင်းတိုများ
Print
ယနေ့ ပြုလုပ်သော လွှတ်တော်အစည်းအဝေးမှ သမ္မတသစ် ဦးသိန်းစိန် အဆိုပြုထားသော ၀န်ကြီးဌာန ၃၄ ခုနှင့် ၀န်ကြီးအမည် စာရင်း ၃၀ ဦးအား ကန့်ကွက်မဲမရှိ အတည်ပြုလိုက် ကြောင်းသိရသည်။ ဝန်ကြီးဌာနနှင့် ခန့်ထားမည့် ဝန်ကြီး တွဲလျက် စာရင်းကိုမူ လာမည့် မတ်လထဲတွင် အတည်ပြုနိုင်ကြောင်း နေပြည်တော်ရောက် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။ ယနေ့အစည်းအဝေးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကော်မတီတရပ် ဖွဲ့စည်းရေးကို အဆိုပြုခဲ့ကြောင်း၊ ထိုကော်မတီတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့် အပါအဝင် အဖွဲ့ဝင် ၉ ဦးပါဝင်ကြောင်းသိရသည်။