ခြေချောင်း လက်ချောင်း အပိုပါ မြန်မာကလေးငယ် ကမ္ဘာ့စံချိန်တင်ရန် မျှော်လင့်

Saturday, 12 February 2011 14:56 သတင်းတိုများ
Print
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှ အသက် ၁ နှစ်ကျော်အရွယ်ရှိ မိန်းကလေးငယ် မလဲ့ရတီမင်းသည် မွေးဖွားစဉ်ကတည်းက လက်ချောင်းပေါင်း ၁ ၂ ချောင်းနှင့် ခြေချောင်းလေးပေါင်း ၁၄ ချောင်း၊ စုစုပေါင်း ၂၆ ချောင်းပါရှိသည်။ ထိုကလေးငယ်သည် လက်ရှိ စံချိန်တင်ထားသော ခြေချောင်းလက်ချောင်း ၂၅ ချောင်းပါရှိသည့် အိန္ဒိယ နိုင်ငံသားကို ကျော်လွန်၍ ကမ္ဘာ့ ဂင်းနက်စ် စံချိန် ဝင်နိုင်မည်ဟု မိဘများက မျှော်လင့်နေကြောင်း မီဒီယာများက ဖော်ပြကြသည်။