ကြံ့ဖွံ့ နိုင်ငံရေး သင်တန်းကျောင်း ဖွင့်ရန် စီစဉ်

Monday, 14 February 2011 12:24 သတင်းတိုများ
Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်မှုဖြင့် ကြံ့ဖွံ့ပါတီက နိုင်ငံရေး သင်တန်းကျောင်း ဖွင့်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ယင်း သင်တန်းကျောင်းသည် ကြံ့ဖွံ့ပါတီဝင်များကို သင်တန်းပေးရန် ဖြစ်ပြီး နေပြည်တော်ရှိ ကြံ့ဖွံ့ပါတီ ရုံးချုပ်အနီး၌ ယခုနှစ် အတွင်း စတင် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု ကြံ့ဖွံ့ပါတီ မြို့နယ် စည်းရုံးရေးမှူး တဦးက ပြောသည်။ သင်တန်းကျောင်းအတွက် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ ဗထူး စစ်သင်တန်းကျောင်းမှ သင်တန်းဆရာများသာမက ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက် ရှိ ပညာရှင်များကို ပါ တာဝန် ပေးသွားမည်ဟုလည်း သိရသည်။