ပိတ်ဆို့အရေးယူမှုအတွက် NLD ကို စစ်အစိုးရက တောင်းပန်ခိုင်း

Saturday, 19 February 2011 15:00 သတင်းတိုများ
Print
အမေရိကန်၊ ဥရောပနှင့် အနောက်နိုင်ငံများ၏ စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ဝန်ချတောင်းပန်ရန် လိုသည်ဟု ယနေ့ထုတ် စစ်အစိုးရသတင်းစာ ဝါဒဖြန့် ဆောင်းပါးတွင် ဖော်ပြထားသည်။ နိုင်ငံအတွင်း ထိခိုက်ဆုံးရှုံးများအတွက် စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့်ဟု အပြစ်ပုံမချသင့်ကြောင်းလည်း ရေးသားထားသည်။