ILO ညွှန်ချုပ် မြန်မာပြည်ရောက်နေ

Wednesday, 23 February 2011 11:32 သတင်းတိုများ
Print
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Guy Ryder ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ မနေ့က ရောက်ရှိနေပြီး မြန်မာအစိုးရနှင့် ILO အကြား ချုပ်ဆိုထားသည့် သဘောတူစာချုပ် သက်တမ်းတိုးရေး ကိစ္စကို ဆွေးနွေးသွားမည်ဟု သိရသည်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုပပျောက်ရေး၊ ကလေးစစ်သားစုဆောင်းမှု ပပျောက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး စသည့် ကိစ္စရပ်များကိုလည်း မြန်မာ အစိုးရအပြင် တခြားသော လူမှုရေး အသင်းအဖွဲ့များ၊ လူ့အခွင့်အရေး ဆောင်ရွက်နေသူများနှင့်ဆွေးမည်ဟု သိရသည်။