အင်တာနက် ဆက်သွယ်ရေး မြန်လာမည်ဟုဆို

Friday, 25 February 2011 14:50 သတင်းတိုများ
Print
မြန်မာ-ဗီယက်နမ် SEA Me We 3 အင်တာနက်ဆက်ကြောင်း ချိတ်ဆက်ရန် စတင်စီစဉ်နေပြီး အဆိုပါ ဖိုက်ဘာ ဆက်ကြောင်း သည် အရှေ့တောင်အာရှ နိုင်ငံများကို ဖြတ်၍ မြန်မာနိုင်ငံ ဖျာပုံမြို့နယ်မှ တဆင့် နိုင်ငံတွင်းသို့ ၀င်ရောက်မည် ဖြစ်ကြောင်းသိ ရ သည်။ ယင်းသို့  အင်တာနက် ကွန်ရက် ချိတ်ဆက်မှုများလေ သတင်းအချက်အလက် ပို့ဆောင်မှု မြန်လေ ဖြစ်လာမည်ဟု ၂၀၁၁ ရန်ကုန် ဘားကမ့်ပွဲ၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာန မှ လက်ထောက် အင်ဂျင်နီယာ ဦးရန်နောင်စိုးက ပြောခဲ့သည်ဟု ဘာကမ့်ပွဲ သို့ တက်ရောက်သူ တဦးက ပြောသည်။