ရခိုင်တွင် အိမ်ခြေ ၂၀၀ နီးပါး မီးလောင် ပြာကျ

Tuesday, 08 March 2011 12:58 သတင်းတိုများ
Print
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ထဟာ ကျေးရွာ၌ မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီမှ ၇ နာရီထိ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျသွားသည်ဟု ဒေသခံတဦးက ဧရာဝတီကို ပြောသည်။ မတ်လ ၂ ရက်နေ့ ကလည်း ထိုဒေသ၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ နိုင်ငံတော်ပိုင် ဂိုဒေါင် ၆ လုံး မီးလောင်ကျွမ်း သွားသည်။ အဆိုပါ ဒေသ၌ မကြာခဏ မီးသင့်လေ့ ရှိသော်လည်း မီးသတ်ယာဉ်မရှိ၍ ရေအနည်းငယ်သာ ရှိသော ရေကန်မှ  ရေများကို ခပ်ယူ မီးငြှိမ်း ရကြောင်း၊ ဆုံးရှုံးမှု များပြီး လူ ထိခိုက်ဒဏ်ရာ ရမှုမရှိကြောင်း ဒေသခံက ဆိုသည်။