ထိုင်း ပစ္စည်း မှောင်ခိုတင်သွင်းမှု ရပ်ဆိုင်းရန် သတိပေး

Wednesday, 09 March 2011 19:10 သတင်းတိုများ
Print
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ထိုင်း ကုန်ပစ္စည်းများ တရားမ၀င် တင်သွင်းနေခြင်း အား ယနေ့မှစတင် ရပ်ဆိုင်းရန် အာဏာပိုင်များ က ကုန်သည်များကို ခေါ်ယူသတိပေးကြောင်း သိရသည်။ ယမန်နေ့က မြ၀တီခရိုင်ရှိ ကုန်သည်ကြီးများနှင့် ထိုင်းကုန်ပစ္စည်း သယ်ဆောင်သူများကို ခရိုင်တာဝန်ရှိသူများ က ခေါ်ယူသတိပေးခဲ့သည်ဟု မြ၀တီမြို့ခံ ကုန်သည် တဦးက ပြောသည်။