ကျောက်မျက်ရောင်းချပွဲ စတင်

Thursday, 10 March 2011 15:24 သတင်းတိုများ
Print
နေပြည်တော်တွင် ၄၈ ကြိမ်မြောက် ကျောက်မျက်ရတနာ ရောင်းချပွဲကို ယနေ့ ဖွင့်လှစ်ပြီး ကျောက်မျိုးစုံ အတွဲပေါင်း ၂၀၆ တွဲ၊ ကျောက်စိမ်းတွဲ ၁၆၉၂၆၊ ပုလဲအတွဲပေါင်း ၂၅၅ တို့ပြသ ရောင်းချသည်။ မတ်လ ၂၂ ရက်နေ့အထိ ဖွင့်လှစ်မည့် ယင်းအရောင်းပြပွဲသို့ ၁၀ နိုင်ငံမှ ကုန်သည် ၄ ထောင်ခန့်နှင့် မြန်မာကုန်သည် ၃ ထောင်ခန့် လာရောက်သည်။ ပြီးခဲ့သည် ၄၇ ကြိမ်မြောက် ကျောက်မျက် ရောင်းချပွဲတွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး ရောင်းချခဲ့ရသည်။