တရုတ်-မြန်မာ နယ်စပ် ငလျင်၊ ၁၄ ဦးသေ

Thursday, 10 March 2011 15:24 သတင်းတိုများ
Print
တရုတ်-မြန်မာ နယ်စပ် တရုတ်ပြည်ဘက်အခြမ်း ယူနန်ပြည်နယ်ထဲတွင် ယနေ့ နေ့လယ်က ပြင်းအား ၅.၄ ရှိ ငလျင်လှုပ်သွားရာ ၁၄ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရကြောင်း သိရသည်။ စူပါမားကတ်၊ ဟိုတယ်နှင့် အိမ်များပြိုကျရာမှ လူများသေဆုံး၊ ဒဏ်ရာရခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောသည်။