အပစ်ရပ် ရှမ်း အဖွဲ့နှင့် နအဖတပ် တိုက်ပွဲဖြစ်

Tuesday, 15 March 2011 14:42 သတင်းတိုများ
Print
နအဖ စစ်တပ်နှင့် အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများ သည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ် ဒေသ တွင် ပြီးခဲ့သော တနင်္ဂနွေနေ့မှ စတင်၍ ၂ ရက် ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်အစိုးရတပ်များက SSA-N တပ်များရှိမည်ဟု ယူဆရ သည့် နေရာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည် က ပြောသည်။