တိုင်းရင်းသား ဘာသာစကား ကျောင်းသင်ရိုးတွင် ထည့်မည်မဟုတ်

Wednesday, 16 March 2011 12:19 သတင်းတိုများ
Print
ကျောင်းသင်ရိုးညွှန်းတမ်းတွင် တိုင်းရင်းသား ဘာသာစကားများကို စိတ်ကြိုက်ဘာသာစကားအဖြစ် သင်ယူနိုင်ရေး ပြဌာန်းပေးရန် အစီအစဉ်မရှိကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းက ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။ ကျောင်းပြင်ပတွင် သင်ကြားလိုပါက ကူညီမည်ဟု လွှတ်တော် အမတ်တဦး၏ အမေးကို ပညာရေးဝန်ကြီးက ဖြေကြားသွားသည်။