မြန်မာအတွက် ကုလသမဂ္ဂ မဟာဗျူဟာ ချမှတ်

Thursday, 17 March 2011 13:48 သတင်းတိုများ
Print
ကုလသမဂ္ဂက မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ ကူညီ ထောက်ပံ့မှုများအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ၂၀၁၂ မှ ၂၀၁၅ အထိ မဟာဗျူဟာ အခြေခံမူများ ချမှတ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ယင်း အခြေခံမူများ၌ မြို့ပြရော ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်ရေး၊ အရည်အချင်း ပြည့်မီ သည့် လူမှု ၀န်ဆောင်မှုများ မြင့်မားရေး၊ ရာသီဥတု အပြောင်းအလဲနှင့် သဘာဝ ဘေးဒဏ်များဆိုင်ရာ ခံနိုင်ရည်မြင့်မားရေး၊ ဒီမိုကရေစီနည်းကျ အခြေအနေများနှင့် အခွင့်အရေးများရရှိစေရန် ဖော်ဆောင်သော ကောင်းမွန်သည့် အုပ်ချုပ်မှုကို မြှင့်တင်ရေး စသည့် အဓိက အချက်များ ပါဝင်ကြောင်း သိရသည်။