မြန်မာ့လေကြောင်းလိုင်း လေယာဉ်မယ်အသစ်များ ထပ်ခေါ်

Tuesday, 22 March 2011 15:45 သတင်းတိုများ
Print
ပြည်တွင်းခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းသည် နိုင်ငံတကာ ခရီးစဉ်များ ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည့်အတွက် လေယာဉ်မယ် အင်အား ထပ်မံဖြည့်တင်းရန် လျှောက်လွှာ စတင် ခေါ်ယူနေပြီဖြစ်သည်။ ထို့အပြင် မြန်မာ့လေကြောင်းမှ ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်းများသို့ ကာလရှည် လေယာဉ်စီးလုံးငှားရမ်းမှုကို ရပ်နားထားပြီး ၂၀၁၀ နှစ်ကုန်ပိုင်းက တရုတ် ကုမ္ပဏီ  China National Aero -Technology Import & Export Corporation နှင့် ARJ တို့မှ လေယာဉ် ၃ စင်းဝယ်ယူရန် စာချုပ် ချုပ်ဆိုထားကြောင်း သိရသည်။