FIFA ဥက္ကဌ စစ်ဆေးခံရဖွယ်ရှိ

Monday, 28 March 2011 16:50 သတင်းတိုများ
Print
မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာကို ဆွစ်ဇာလန်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။ ဦးဇော်ဇော် သည် ဆွစ်ဇာလန် အပါအ၀င် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူခံထားရသူဖြစ်နေခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်သွားရန် ဆွစ်ဇာလန်အစိုးရက စဉ်းစားနေခြင်းဖြစ်ကြောင်း ဆွစ်ဇာလန်မဂ္ဂဇင်း Woz တွင် ရေးသားထားသည်။