ငလျင်အတွက် အိန္ဒိယက ဒေါ်လာ ၁ သန်းလှူ

Wednesday, 30 March 2011 11:35 သတင်းတိုများ
Print
ရှမ်းပြည်အရှေ့ပိုင်း ငလျင်ဒဏ်ခံဒေသတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံက ဒေါ်လာ ၁ သန်း လှူဒါန်းသည်။ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ငလျင်ထိခိုက် သေကြေမှုများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာလည်း ပေးပို့ခဲ့သည်။ ထိခိုက်သေကြေမှုနှင့် အပျက်အစီး နောက်ဆုံးရစာရင်းကို စစ်အစိုးရက ထပ်မံထုတ်ပြန်ခြင်း မရှိသော်လည်း ဒေသခံများနှင့် သွားရောက်ကူညီသူများ၏ အဆိုအရ ငလျင်ကြောင့် လူ ၃၀၀ ခန့် သေဆုံးသည်ဟု သိရသည်။